Seamen Life Insurance (Plan) Terms and Condition

အကျိုးခံစားခွင့်အကျုံးဝင်သည့်အချက်များ

  • အာမခံထားသူသင်္ဘောသားသည် အာမခံသက်တမ်းအတွင်း အောက်ပါအကျုံးမဝင်သည့် အကြောင်းများမှလွဲ၍ အခြားအကြောင်းများကြောင့် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရရှိခြင်း ဖြစ်ပါက တစ်ဖက်စာမျက်နှာပါ အကျိုးခံစား ခွင့်ရှိသူ(များ)သည် ဤအာမခံ၏ အကျိုးခံစားခွင့်များကို ခံစားခွင့်ရှိသည်။ သေဆုံးပါက အများဆုံး အာမခံထားငွေအထိ ရရှိမည် ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိပါက သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်း အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။
  • အာမခံသက်တမ်းအတွင်း အာမခံထားသူသင်္ဘောသား သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်သည့်နေ့မှစ၍ (၁) နှစ်အတွင်း အကျိုးခံစားခွင့်ကို တောင်းခံရမည်။

 

အကျိုးခံစားခွင့်အကျုံးမဝင်သည့်အချက်များ

(၁) အာမခံထားသူသင်္ဘောသားသည် သင်္ဘောမှထွက်ပြေးခြင်း

(၂)  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရခြင်း

(၃) မိမိကိုယ်ကိုသတ်သေခြင်းကြောင့် သေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရခြင်း

(၄) မိမိကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် သေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရခြင်း

 

အထွေထွေ

  • နိုင်ငံခြားသင်္ဘောတွင် (၁) နှစ်ထက်ပို၍ တာဝန်ထမ်းဆောင်နေရသူများသည် မိမိ ဝယ်ယူထားသည့် သင်္ဘောသားအသက်အာမခံလက်မှတ် သက်တမ်း (၁) နှစ် မကုန်မီ သက်ဆိုင်ရာကုမ္ပဏီ / SD (Seaman Division) သို့ ဆက်သွယ်၍ စည်းကမ်းချက်နှင့်အညီ သက်တမ်း (၁) နှစ် ထပ်တိုးထားရှိ နိုင်သည်။
  • သင်္ဘောသားအသက်အာမခံသက်တမ်းသည် အာမခံဝယ်ယူသည့်နေ့မှစ၍ (၁) နှစ်တိတိ ဖြစ်ပြီး၊ သက်တမ်း ကုန်ဆုံးသည့်နေ့၏ ည (၁၂) နာရီတိတိတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ အာမခံလက်မှတ် ဝယ်ယူပြီး နောက် သင်္ဘောမတက်နိုင်ခဲ့သော် မြန်မာနိုင်ငံတွင်ရှိနေသောကာလအတွက် အာမခံအကာအကွယ် ရရှိမည်။ မည်သည့်အကြောင်းနှင့်မျှ ပရီမီယံကို ပြန်အမ်းမည် မဟုတ်ပါ။
  • အာမခံလက်မှတ်ဝယ်ယူပြီး သင်္ဘောမတက်ဖြစ်သူသည် အာမခံသက်တမ်း ကုန်ခါနီးအချိန်မှ သင်္ဘောတက် ရောက်ခွင့်ရပါက မူလလက်မှတ်သက်တမ်းပြည့်သည့်နေ့၏ နောက်နေ့မှစ၍ နောက်ထပ် သက်တမ်း (၁) နှစ် ထပ်မံဝယ်ယူနိုင်ခွင့်ရှိသည်။
  • အာမခံထားသူ သေဆုံးရာတွင် အလောင်းမရရှိပါက (၁) နှစ် ဆိုင်းငံ့ ပြီးမှ အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်သည်။
  • သင်္ဘောတွင် (၁) နှစ်ထက်ပို၍ တာဝန်ထမ်းဆောင်နေရသဖြင့် သက်တမ်းတိုးရာတွင် သင်္ဘောသားသည် ကျန်းမာစွာဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သင်္ဘောကုမ္ပဏီနှင့် အကျိုးခံစားခွင့်ရှိသူတို့၏ ထောက်ခံ ချက် ပါရှိရမည်။ သို့ရာတွင် ပရီမီယံပေးသွင်းပြီး ဖြစ်စေကာမူ အထက်ပါ စည်းကမ်းချက်များနှင့် မညီညွတ်လျှင် အာမခံပျက်ပြယ်ပြီး ဖြစ်သည်။ သက်တမ်းတိုးအာမခံလက်မှတ်သက်တမ်းသည် မူလအာမခံလက်မှတ်၏ သက်တမ်းကုန်ဆုံးပြီး နောက်တစ်နေ့မှစတင်မည်ဖြစ်သည်။ သက်တမ်းတိုးအာမခံသက်တမ်းမစမီ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိနေပါက သက်တမ်းတိုးအာမခံသက်တမ်းသည် နောက်တစ်ကြိမ် သင်္ဘောသားအသက် အာမခံလက်မှတ်ကို ဝယ်ယူသည့်နေ့မှ စတင်မည်ဖြစ်သည်။
  • အထက်ဖော်ပြပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိပါက လျော်ကြေးပေးချေခြင်းကို ငြင်းပယ်သည်အထိ အရေးယူခြင်းခံရမည်။

Contact Phone Number

Life Insurance (Underwriting) Department

01 - 8391990

Life Insurance (Claim) Department

01 - 8384881

Life Reinsurance Department

01-8386919

Motor Vehicle Insurance (Underwriting) Department

09-880 177 428

Motor Vehicle Insurance (Claim) Department

09-880177427

Marine, Aviation & Travelling Insurance (Underwriting) Department

01-8251761 , 01- 8391993

Marine, Aviation & Travelling Insurance (Claim) Department

01-8251761

Fire, Engineering and Miscellaneous Insurance (Underwriting) Department

01-384867

Fire, Engineering and Miscellaneous Insurance (Claim) Department

01-8251762

General Reinsurance Department

01-8384880

Admin Department

01-8379088, 01-8384865,
01-8252372, 01-8246902

Account Department

01-8384868, 01-8384870

Marketing Department

01-8391995, 01-8391996

Duty Room

01-8379188