Travel Insurance Terms and Condition

အကျိုးခံစားခွင့်များ

ခရီးစဉ် အစမှ အဆုံးအထိ အာမခံလက်မှတ်ဝယ်ယူထားသည့် ခရီးသည်များသည် စီးနင်းလိုက်ပါသည့် ယာဉ်ကြောင့်ဖြစ်စေ၊ အာမခံထားသူ၏ မတော်တဆ ဖြစ်ရပ်များကြောင့် ဖြစ်စေ၊ အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် အကျိုးခံစားခွင့်များ ရရှိခံစားရမည်ဖြစ်ပါသည်။
(က) အသက်ဆုံးရှုံးလျှင် အာမခံထားငွေကို အကျိုးခံစားခွင့် လွှဲပြောင်းခံရသူထံ ထုတ်ပေးမည်ဖြစ်သည်။

(အကျိုးခံစားခွင့်ရှိသူအား လွှဲပြောင်းထားခြင်းမရှိပါက သူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေ အပိုဒ် (၉) နှင့် အညီ အကျိုးခံစားခွင့် ထုတ်ပေးမည်ဖြစ်ပါသည်။)

(ခ) ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ထာဝစဉ်မသန်မစွမ်းဖြစ်လျှင် ဆရာဝန်၏ ထောက်ခံ ချက်ပေါ် မူတည်၍ ပေးလျော်မည်။ ထောက်ခံချက်တွင် ရာခိုင်နှုန်း အချိုးအစား အလိုက် ထောက်ခံလျှင် အကျိုးခံစားခွင့်နှုန်းထားဇယားအတိုင်း ပေးလျော်မည် ဖြစ်ပြီး ၁၀၀% ထာဝစဉ် မသန်မစွမ်းဖြစ်ကြောင်း   ဆရာဝန်မှ ထောက်ခံပါက အာမခံထားငွေ ( အကျိုးခံစားခွင့်) ကို အပြည့်အဝ ပေးလျော်ပါမည်။

လျော်ကြေးပေးချေရန် အကျုံးမဝင်သည့်အချက်များ

(က) ရှိရင်းစွဲကိုယ်အင်္ဂါ ချို့တဲ့မှု နှင့် ရှိရင်းစွဲ ရောဂါဘယများကြောင့် ဖြစ်ပွားခြင်း
(ခ) ရူးသွပ်ခြင်း
(ဂ) မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း
(ဃ) တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရရှိစေခြင်း
(င) မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း
(စ) အန္တရာယ်ဖြစ်စေနိုင်သည့် ဆောင်ရွက်မှုများတွင် ပါဝင်ပက်သက်ခြင်း
(ဆ) ရာဇဝတ်မှုကျုးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေ ချိုးဖောက်ခြင်း
(ဇ) မူးယစ်ဆေးဝါးသုံးစွဲခြင်း
(ဈ) စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်းနှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်း  နှင့်
(ည) ခရီးစဉ်အလိုက် ပျံသန်းနေသည့် အသိအမှတ်ပြု လေကြောင်းလိုင်း၏ လိုင်စင်ရှိ လေယာဉ်တွင် ခရီးသည်အဖြစ် စီးနင်းခြင်းမဟုတ်ဘဲ အခြား မည်သည့် လေယာဉ်ဖြင့်မဆို ခရီးသွားခြင်း

(အမှတ်စဉ် (ည) သည် လေယာဉ်စီးခရီးသည်များအတွက် ခရီးသွားအာမခံ လုပ်ငန်းနှင့်သာ သက်ဆိုင်ပါသည်။)

 

ဆက်သွယ်ရန်ဖုန်းနံပါတ်

အသက်အာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၈၃၉၁၉၉၀

အသက်အာမခံ (လျော်ကြေး) ဌာန

၀၁-၈၃၈၄၈၈၁

အသက်တစ်ဆင့်အာမခံဌာန

၀၁-၈၃၈၆၉၁၉

မော်တော်ယာဉ်အာမခံ (အလုပ်လက်ခံ) ဌာန

၀၉-၈၈၀၁၇၇၄၂၈

မော်တော်ယာဉ်အာမခံ (လျော်ကြေး) ဌာန

၀၉-၈၈၀၁၇၇၄၂၇

ရေကြောင်း၊ လေကြောင်း နှင့် ခရီးသွားအာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၈၂၅၁၇၆၁ ၊ ၀၁-၈၃၉၁၉၉၃

ရေကြောင်း၊ လေကြောင်း နှင့် ခရီးသွားအာမခံ (လျော်ကြေး) ဌာန

၀၁-၈၂၅၁၇၆၁

မီး၊ အင်ဂျင်နီယာနှင့်အမျိုးမျိုးအာမခံ (အလုပ်လက်ခံ) ဌာန

၀၁-၃၈၄၈၆၇

မီး၊ အင်ဂျင်နီယာနှင့်အမျိုးမျိုးအာမခံ (လျော်ကြေး) ဌာန

၀၁-၈၂၅၁၇၆၂

အထွေထွေတစ်ဆင့်အာမခံဌာန

၀၁-၈၃၈၄၈၈၀

စီမံရေးရာဌာန

၀၁-၈၃၇၉၀၈၈ ၊ ၀၁-၈၃၈၄၈၆၅
၀၁-၈၂၅၂၃၇၂ ၊ ၀၁-၈၂၄၆၉၀၂

ငွေစာရင်းဌာန

၀၁-၈၃၈၄၈၆၈ ၊ ၀၁-၈၃၈၄၈၇၀

အရောင်းမြှင့်တင်ရေးဌာန

၀၁-၈၃၉၁၉၉၅ ၊ ၀၁-၈၃၉၁၉၉၆

တာဝန်မှူးရုံးခန်း

၀၁-၈၃၇၉၁၈၈