ကန်ထရိုက်တာမှ တာဝန်ယူဆောက်လုပ်သည့် အဆောက်အအုံ၊ လမ်းတံတား အစရှိသည့် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများအတွက် တည်ဆောက်သည့်ပစ္စည်းများ တည်ဆောက် သည့်နေရာသို့ ရောက်ရှိသည့်အချိန်မှစ၍ တည်ဆောက်ပြီးစီးသည့်အချိန်အထိ ပျက်စီးဆုံးရှုံး မှုကို အကာအကွယ် ပေးသောအာမခံဖြစ်ပါသည်။ အဆိုပါအာမခံတွင် ကန်ထရိုက်တာ၏ တည်ဆောက်ရေးပစ္စည်းများ ဆုံးရှုံးမှု (Section I) နှင့် သူတစ်ပါးထိခိုက်နစ်နာမှုအတွက် ပေးလျော်ရန် တာဝန်ရှိမှု (Section II) ဟူ၍ ထားရှိနိုင်ပါသည်။ Section II အား Section I ၏ ၅၀%, ၇၅%, ၁၀၀% (သို့မဟုတ်) ၁၂၅% ဟူ၍ စိတ်ကြိုက်ရွေးချယ်ထားရှိနိုင်ပါသည်။ အာမခံ ထားငွေအား လုပ်ငန်းအပ်နှံမှု စာချုပ်ပါတန်ဘိုးအတိုင်း လက်ခံဆောင်ရွက်ပါသည်။ ကန်ထရိုက်တာ၏ လုပ်ငန်းခွင်သုံး စက်ပစ္စည်းများ၏တန်ဖိုးအား အာမခံထားငွေတွင် ထပ် ပေါင်း၍ထားရှိနိုင်ပါသည်။ အာမခံသက်တမ်းအား အနည်းဆုံး (၃)လမှ အများဆုံး(၅)နှစ် အထိထားရှိနိုင်၍ ပြုပြင်ထိန်းသိမ်းရေးကာလအား (၃)လ၊ (၆)လ (သို့မဟုတ်) (၁)နှစ် ရွေးချယ် ထားရှိနိုင်ပါသည်။ အာမခံပရီမီယံနှုန်းထားများမှာ အနည်းဆုံး ၀.၁၅% မှ အများဆုံး ၀.၅၁၈% အတွင်းဖြစ်ပါသည်။
၀၁-၈၃၉၁၉၉၀
၀၁-၈၃၈၄၈၈၁
၀၁-၈၃၈၆၉၁၉
၀၉-၈၈၀၁၇၇၄၂၈
၀၉-၈၈၀၁၇၇၄၂၇
၀၁-၈၂၅၁၇၆၁ ၊ ၀၁-၈၃၉၁၉၉၃
၀၁-၈၂၅၁၇၆၁
၀၁-၃၈၄၈၆၇
၀၁-၈၂၅၁၇၆၂
၀၁-၈၃၈၄၈၈၀
၀၁-၈၃၇၉၀၈၈ ၊ ၀၁-၈၃၈၄၈၆၅
၀၁-၈၂၅၂၃၇၂ ၊ ၀၁-၈၂၄၆၉၀၂
၀၁-၈၃၈၄၈၆၈ ၊ ၀၁-၈၃၈၄၈၇၀
၀၁-၈၃၉၁၉၉၅ ၊ ၀၁-၈၃၉၁၉၉၆
၀၁-၈၃၇၉၁၈၈